ညောင်လေးပင်း ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၈:၀၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကသင်တန်းဖွင့်ပွဲ အမှာစကားပြောကြားပြီး သင်တန်းသူ၊ သင်တန်းသားများအတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ကာ အဆိုပါသင်တန်းအား ၂၇.၆.၂၀၂၃ ရက်နေမှ ၃.၇.၂၀၂၃ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များဖွံဖြိုးတိုးတတ်ရေး အေဂျင်စီ MSMEs ဒေသထုတ် ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲအားဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ်များမှ အသေးစားလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ သက်ဆိုင်ရာဌာနအသီးသီးမှ အကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဒေသထုတ်ကုန်စည်ပြပွဲ ၌ ပြသထားသော ကုန်စည်များအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး ပြွန်တန်ဆာမြို့ အ.ထ.က(၂)ကျောင်း၌ ဆောက်လုပ်လျက်ရှိသော ဘိုးရာဇာခန်းမဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူငွေများလက်ခံပေးခဲ့သည်။ ထို့နောက် ဒိုက်ဦးမြို့၊ ကန်တော်မင်္ဂလာလမ်းဆုံ၌ ဆောက်လုပ်ရန်ရာထားသော ပန်းခြံနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)