ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

ကျိုက်ထို ဇွန် ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ‌ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယမန်နေ့နံနက်(၁၀)နာရီတွင် အမှတ်(၁)အခြေပညာမူလတန်းလွန်ကျောင်း၊ ကံ့ကော်ရပ်ကွက်၌ ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာတွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား‌၊ ကျောင်းသူ‌များ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ကြီးကြပ်ရေးမှူးအဆင့်(၂)ဦးသက်မိုးနိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။

ယင်းသို့ထိုးနှံရာတွင် အသက်(၅)နှစ်မှ အသက်(၁၀)နှစ်ထိ ပထမအကြိမ်ထိုးနှံပြီးသူ(၁၅၀)ဦးနှင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေး‌သော ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦး စုစုပေါင်း(၄၀၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)