သထုံ ဇွန် ၂၈
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးတင်နိုင်ဝင်းက အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးဆိုင်ရာသိကောင်းစရာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မော်လမြိုင်၊ သထုံနှင့်ကျိုက်ထို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ကြလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်