ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ  ၈၄၀၉၄ ဦးတက်ရောက်ပညာသင်ကြား

ညောင်ဦး  ဇွန်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မေ ၂၃ နံနက်  ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျက်ရှိပြီး ဇွန် ၂၈ ရက်နေ့ထိကျောင်းသား၊ကျောင်းသူ (၈၄၀၉၄)ဦးလာရောက်အပ်နှံထားရှိပြီး စိတ်အေးချမ်းသာစွာပညာသင်ကြား လျက်ရှိ ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရသည်။

ညောင်ဦးခရိုင်၌ ကျောင်းသား၊ကျောင်းသူများ လက်ခံလျက်ရှိသည့် ဇွန် ၂၈ ရက်နေ့ထိ  အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5  (၅၈၇၁၃)ဦး ၊ အခြေခံပညာအလယ်တန်းကျောင်း Grade -6  မှ Grade -9 ထိ (၁၈၉၄၃)ဦး၊  Grade -10 မှ Grade -12 ထိ ၊ ကျောင်းသားကျောင်းသူ (၆၄၃၈) ဦး လာရောက်အပ်နှံခဲ့ကာ၊ ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ (၈၄၀၉၄)ဦး လာရောက်အပ်ထားရှိပြီး ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူများလည်းရှိနေ နိုင်သေးရာဆက်လက် ကျောင်းအပ်လက်ခံနိုင်ရေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဒီပါလင်း