ပုလော ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှပ်ပုံကျေးရွာ အဏ္ဏဝါမူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရှပ်ပုံကျေးရွာ အုပ်စု ကျန်းမာရေးမှူး ဦးအောင်ဆန်းမင်း ကကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ မဖြစ်ပွားမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊သွန်၊လဲ၊စစ်၊ခတ်၊လောင်း၊ထောင်၊ဖွင့်၊စွန့်/မြှပ်၊ ရှင်း၊မှုတ်စကားလုံး အရှည်ကောက်၏အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ရေစည်၊ရေပုံး၊ ရေအိုးစသည်များတွင် အဘိတ်ဆေးခတ်ရမည့် အတိုင်းအတာ၊ မိမိတို့ မိသားစုဝင်များအပြင် အိမ်နီးချင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများတွင် အမြန်ဆုံးပြသ၍ ကုသမှုခံယူရန် ရှင်းလင်းပြောကြားကာ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျန်းမာရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)