သတင်းများ

ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွားကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းတွင် ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Jul 04,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဒေါ်မိမိ‌မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဟိုပုံးမြို့နယ်၌ မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲ ကျင်းပ
Jul 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း၌ စိုက်ပျိုးရေးသွင်းအားစုများရောင်းချလျက်ရှိသော မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာန ဒေသဦးစီးမှူးရုံးတွင် ကျင်းပသည်။
မိုင်းယန်းမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jul 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မွေးကင်းစကလေးငယ်များအပါအဝင် အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သိမ်တော်ပြုပြင်ပြီးစီးမှု ရေစက်ချအခမ်းအနားတက်ရောက်
Jul 03,2025
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက်၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သဒ္ဓမ္မဝိပုလသိမ်တော်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့နံနက်က ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ တက်ရောက်ပူဇော်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး (သန်လျင်)၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး (သန်လျင်)၏ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က သန်လျင်မြို့ရှိ ခရိုင်ရုံး၌ ကျင်းပသည်။
မြို့တော်သန့်ရှင်းရေးဆောင်ရွက်နေသော ဝန်ထမ်းများအား အသည်းရောင်အသားဝါရောဂါ ဘီပိုး ရှိ/မရှိ စစ်ဆေး
Jul 03,2025
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတို့ပူးပေါင်း၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှဝန်ထမ်းများအား အသည်းရောင်အသားဝါ ဘီပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဝင်း၌ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သွားရောက်ကြည့်ရှုအားပေးသည်။
ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လည့်စာကြည့်တိုက်၊‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အ‌ခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ‌ဇူလိုင်လ ၁ ရက်နေ့ ည‌နေက မြို့မပိုင်းရပ်ကွက်၊ အ.မ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။