ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး (သန်လျင်)၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး (သန်လျင်)၏ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က သန်လျင်မြို့ရှိ ခရိုင်ရုံး၌ ကျင်းပသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်နှင့် ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးတို့မှ ဦးစီးအရာရှိများ၊ ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးပေးကြသည်။

ယနေ့စိုက်ပျိုးမှုတွင် မန်ဂျန်ရှား၊ မဟော်ဂနီ၊ ပျဉ်းမ၊ ပျဉ်ကတိုး၊ ခရေ၊ စုစုပေါင်း ပျိုးပင်(၉၃)ပင်ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက တက်ရောက်လာသောဝန်ထမ်းများအား စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်အတွင်း စာဖတ်ပရိသတ်များ အေးချမ်းစွာအရိပ်ရရှိစေရန်နှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများ၌လည်း သစ်ပင်များ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)