မိုင်းယန်းမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မိုင်းယန်း ဇူလိုင် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မွေးကင်းစကလေးငယ်များအပါအဝင် အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမားရေးဌာန၊ တာဝန်ခံအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေးဆရာမများက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁၂၀)ဦးခန့်အား ဦးစားပေးစာရင်းအလိုက် စနစ်တကျစာရင်းပြုစု၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနမှ သိရသည်။

ထွန်းထွန်းထူး