သတင်းများ

ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံစုံနှင် မိုးကြိုသီးနှံစုံ လျာထားဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံစုံနှင့် ၂၀၂၅-၂၀၂၆ခုနှစ်   မိုးကြိုသီးနှံစုံ (၅၂၅၃၄)ဧက စိုက်ပျိုးရန်လျာထားသော်လည်း (၅၂၇၁၅))ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထား ဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေ စာရင်းဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်၌ နွေစပါး(အောင်နိုင်တိုး)မျိုးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တ)ကျေးရွာ၊ ကွင်းအမှတ်- ၁၃၆၅၊ တောင်သူဦးမြင့်သိန်း စိုက်ပျိုးထားသော နွေစပါး(အောင်နိုင်တိုး) ၁ ဒဿမ ဝဝ - ဧက စိုက်ခင်း၌ ယမန်နေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jul 04,2025
မန္တလေးတက္ကသိုလ် ရာပြည့်သဘင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၃)ရက်နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ငဖဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်
Jul 04,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်သည်။
ပင်လောင်းမြို့နယ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းသို့ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာ
Jul 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု စိန်ပန်းကျေးရွာ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မယ့်ဖားလုံဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) မှ ရဲမှူးချုပ် သန့်လွင်မောင်၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) မှ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဖန်နုရတ်လုပ်ဘွန် (Pol.Lt.Gen. Phanulat Lukboon)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံအခြေစိုက် မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အရာရှိချုပ် ဒစ်စပန်နဒါ ဒစ်စကွန် (M.L.Dispanadda Diskul) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်တွင်း ကွင်းဆင်းလေ့လာခဲ့သည်။
ပလောက်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သန့်ရှင်းရေးဆောင်ရွက်
Jul 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၉ နာရီက ပုပ္ပါးရုံကုန်းတော်ရှိ ပြည်တော်အေးစေတီတော်၌ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂဒေသ၊ လဟယ်မြို့တွင် မြန်မာအမျိုးသမီးများနေ့အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ
Jul 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၃-၇-၂၀၂၅)ရက်နေ့တွင်ကျရောက်သည့်" မြန်မာအမျိုးသမီးများနေ့"အခမ်းအနားနှင့်" မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် စာစီစာကုံးပြိုင် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပြုသည်။
တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ ပြုလုပ်
Jul 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာ၊ လုံးဟီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။