ခန္တီးမြို့၌ လူငယ်စကားဝိုင်းကျင်းပ
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။