ရန်ကုန် ဇူလိုင် ၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတို့ပူးပေါင်း၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှဝန်ထမ်းများအား အသည်းရောင်အသားဝါ ဘီပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ်၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဝင်း၌ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး သွားရောက်ကြည့်ရှုအားပေးသည်။
အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းဝန်ထမ်းအိမ်ရာဝင်းတွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှ ကျန်းမားရေးဝန်ထမ်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဝင်း စီမံခန့်ခွဲရေးရုံးတွင် လှိုင်သာယာဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍လည်းကောင်း သန့်ရှင်းရေးဝန်ထမ်း(၂၀၀၀)ကျော်အား အသည်းရောင်အသားဝါရောဂါ ဘီပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)