သတင်းများ

တန့်ယန်းခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှကြီးမှူး၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃)ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ပြည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ
ဟိုပန်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 30,2023
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အမှတ်(၁၄၃) ခြေလျင်တပ်ရင်းဝန်းအတွင်း ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်
ကျွန်းစုမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ် (၃) သောင်း ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွား (၄၀၁) ဦးအတွက် ငွေ (၁၂၀၃၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား Biometric Data ကောက်ယူခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ဌာနဆိုင်ရာဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက် အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မူဆယ်မြို့တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ပလတ်စတစ်ထိုင်ခုံ အလုံး(၈၀) ပေးအပ်လှူဒါန်း
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဝန်ထမ်းပေါင်းစုံ ‌ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ပလတ်စတစ်ထိုင်ခုံ အလုံး (၈၀) အား အ.ထ.က (၂) ကျောင်းသို့ ယနေ့ မွန်းလွဲ ၁ နာရီကအချိန်က ပေးအပ်လှူဒါန်းခဲ့သည်။ 
၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Jun 30,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၁၇)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Jun 30,2023
နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀/- ကျပ်နှုန်းဖြင့်  လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပုံမှန် ထုတ်ပေးလျက်ရှိ‌ရာ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့် ဝန်ထမ်းများက ကျောက်မဲမြို့နယ်ရှိအသက် ၈၅ နှစ်နှင့်အထက်