ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၁၇)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ကျောက်မဲ ဇွန် ၃၀

နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀/- ကျပ်နှုန်းဖြင့်  လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပုံမှန် ထုတ်ပေးလျက်ရှိ‌ရာ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့် ဝန်ထမ်းများက ကျောက်မဲမြို့နယ်ရှိအသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၁၇ ဦး၏   ၂၀၂၃-၂၀၂၄ ပထမ(၃)လပတ်( ဧပြီ၊ မေ၊ ဇွန်) လများအတွက်  လူမှုရေးပင်စင်ငွေကျပ် တစ်ရာ့‌ငါးဆယ့်ငါးသိန်း တစ်သောင်း(၁၅၅၁၀၀၀၀/-)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်း(ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့နယ်) အသက် ၈၅ နှစ်အထက်  အသက်ကြီးဘိုးဘွား ပေါင်း ၁၆၅၄ ဦးရှိပြီး ကျန်ဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ လူမှု‌ရေးပင်စင်ငွေများကို အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။  

မိုင်းထွန်း(ပြန်/ဆက်)