သတင်းများ

မိုင်းခတ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းခတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် အ.ထ.က အေးမြသာယာတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 30,2023
အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲသည်။
ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီက ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေဩဇာအိတ်များဖြန့်ဖြူးပေးအပ်
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသော မြေဩဇာအိတ်များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
တန့်ယန်းခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှကြီးမှူး၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃)ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ပြည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ
ဟိုပန်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 30,2023
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အမှတ်(၁၄၃) ခြေလျင်တပ်ရင်းဝန်းအတွင်း ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်
ကျွန်းစုမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ် (၃) သောင်း ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွား (၄၀၁) ဦးအတွက် ငွေ (၁၂၀၃၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။