မူဆယ် ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ပလတ်စတစ်ထိုင်ခုံ အလုံး (၈၀) အား အ.ထ.က (၂) ကျောင်းသို့ ယနေ့ မွန်းလွဲ ၁ နာရီကအချိန်က ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် မူဆယ်မြို့၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်းဥက္ကဋ္ဌ ဦးအောင်သူထိုက်နှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမိုင်နိုင်တင်ဦးတို့က ယခုကဲ့သို့ လိုအပ်သော ပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်းများကို နောက်နှစ်များတွင်လည်း ထပ်မံပေးအပ်လှူဒါန်းနိုင်ရေးအတွက် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး အ.ထ.က(၂)ကျောင်းအတွက် လိုအပ်သော ပလတ်စတစ်ထိုင်ခုံ အလုံး(၈၀) ကာလတန်ဖိုး (၁၂၈၀၀၀၀)ကျပ်အား အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်နှင့် ဆရာ/မများက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယင်း အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများအသင်းဉက္ကဋ္ဌ၊ အမှုဆောင်များနှင့် အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)