ကျိုက်ထိုခရိုင်တွင် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို ဇူလိုင် ၁

ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ကျိုက်ထိုမြို့ မြို့နယ် သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို  နမောတဿ(၃)ကြိမ် ရွတ်ဆို ဖွင့်လှစ်ပြီး မဟာမယ်ဇယ် ပရိယတ္တိစာသင်တိုက် နာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တတေဇနိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာဆရာတော် သံဃာတော် များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဠတု (၃)ကြိမ် ရွတ်ဆို ရုတ်သိမ်းခဲ့ သည်။

ထို့နောက်ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တို့အား (စာအုပ်လွတ်) ရွတ်ဆို ယှဉ်ပြိုင်ကြပြီး ဆုရရှိသောအသင်းအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်