အောင်လံမြို့နယ်၌ Grade-12 နှင့် Grade-9 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

အောင်လံ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး‌၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးမြှင့်တင်ရန် ရည်ရွယ်၍ Grade-12 နှင့် Grade-9(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်အနာဂတ် အတွက် အရည်အချင်းရှိသော တပည့်များ မွေးထုတ်ပေးနိုင်ရေး အရည်အသွေးမြင့်မားသည့် ဆရာ/ဆရာများဖြစ်ရန် လိုအပ်ကြောင်း၊ သင်ရိုးသစ် ဆင့်ပွားသင်တန်းမှတဆင့် အခြေခံပညာ ကျောင်းသား/သူများကို အရည်အသွေးပြည့်ဝသော ဗလငါးတန်နှင့်ပြည်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရေး အစွမ်းကုန်ကြိုးစားသင်ယူလေ့လာ ကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ ဒုမြို့နယ်ပညာရေးမှူး ဦးစိုးနိုင်က သင်တန်းဆိုင်ရာ လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ အောင်လံမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ Grade-12နှင့် Grade-9သင်ကြားသော ဆရာ၊ဆရာမ (၁၂၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ (၃၉)ဦးမှ သင်တန်းပို့ချသင်ကြားမည်‌ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)