စစ်ကိုင်း ဇူလိုင် ၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇူလိုင်(၄)ရက် မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေး ဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိနိုင်စေရန် စာပေဖတ်ရှုကြဖို့လိုကြောင်း၊ အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း စာပေများလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများတိုးပွားကာ အမှား/ အမှန်ခွဲခြားသိမြင်လာမှာဖြစ်ပြီး မိမိတို့ဌာနအနေဖြင့် စာအုပ်များကို အခမဲ့ငှားရမ်းပေးနေသည့်အတွက် စာကြည့်တိုက်သို့လာရောက် စာပေဖတ်ရှုကြဖို့၊ အသင်းဝင်ပြီး စာအုပ်များငှားရမ်ဖတ်ရှုကြဖို့ ဖိတ်ခေါ်လိုကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်ဝေးအောင် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များနှင့် နေထိုင်သွားလာနိုင်ကြဖို့၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးအောင် နေထိုင်သွားကြဖို့၊ မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးပေးခဲ့ သည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွားရရှိစေရန် စာအုပ်များ အခမဲ့ငှားပေးခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျော်စွာ အသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်