မက်မန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် ဘိုစားပဲသီး တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
“မက်မန်းမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ယခင်က ဟင်းသီဟင်းရွက်များကို မိမိတို့ မိသားစုစားသုံးရန်အတွက်သာ စိုက်ပျိုးကြကြောင်း၊ အပိုဝင်ငွေရရှိအောင်စိုက်ပျိုးမှုအား နည်းပါကြောင်း၊ ယခုအခါ ဒေသခံများအနေဖြင့် ဟင်းသီးဟင်းရွက်များကို အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလာပါကြောင်း၊ မက်မန်းမြို့နယ်အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် စည်းကားလာသော မြို့ငယ်တစ်မြို့ဖြစ်လာသည့်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးကို အထောက်အကူဖြစ်စေပါကြောင်း၊ ယခုနှစ်တွင် ဘိုစားပဲသီးစိုက်ပျိုးသူများ များပြားလာ ပါကြောင်း” ဘိုစားပဲသီးစိုက်ပျိုးသူ ဦးကျထီး ကပြောကြားခဲ့သည်။ ထို့ပြင် ဘိုစားပဲသီး (၁)ပိဿာလျှင် ငွေကျပ် ရှစ်ထောင်အထိရောင်းချရကြောင်းနှင့် တစ်ပတ်လျှင် ဘိုစားပဲသီး(၁၅)ပိဿာရောင်းချရသဖြင့် တစ်သိန်းနှစ်သောင်းကျပ် ရရှိကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)