သတင်းများ

မြောင်းမြမြို့တွင် ကျောင်းသားမိဘများအား ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းသားမိဘများအား အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နေ့လယ် ၁၂:၀၀ အချိန်က အ.ထ.က(၆)၊ စစ်တောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က ယနေ့ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမအကြောင်း သိကောင်း စရာလက်ကမ်းစာ‌စောင်များကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က မူဆယ်မြို့၊ စည်ပင်သာယာ‌ ဈေး(မြို့မ) အောင်မူဆယ်‌ဈေးရှိ သမဝါယမအသင်းလီမီတက်အသင်းသားများအား ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလာ
Jul 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မိုးရာသီကာလ ရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင်ရာသီစာ ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြောင်း သိရသည်။
လားရှိုးမြို့တွင် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်ကို ချစ်မြတ်နိုးလာပြီး သစ်ပင်စိုက်ပျိုးလိုသည့်စိတ်များ ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၈) နာရီအချိန်က လားရှိုးမြို့ နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပသည်။
တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jul 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်ကာ တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) ​ခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲအခမ်းအနား ​ကျင်းပ
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အ​ခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲအခမ်းအနားကို ​ ယနေ့နံနက်ပိုင်းက  ကျင်းပခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်) မြို့တွင် မြို့အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ် )မြို့၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။