ကျိုင်းတုံ ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိမ်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်အွယ်ကျေးရွာတွင် ယမန်နေ့မွန်းလွှဲပိုင်းက ဒေသကြက်များဖြန့်ဖြူးပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူက ဒေသကြက်ဖြန့်ဖြူးပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အိမ်ထောင်စု ၁၀ စုတို့အတွက် တစ်အိမ်ထောင်လျှင် ဒေသကြက်အထီး ၁ ကောင်နှင့် အမ(၄)ကောင်နှုန်းဖြင့် စုစုပေါင်း ၅၀ ကောင် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိမ်းအစားထိုး မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသတွင်း တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုသာ အများဆုံး လုပ်ကိုင်ကြသဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရန်အတွက် ယခုကဲ့သို့ ဒေသကြက်များ ဖြန့်ဖြူး ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဦးစိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)