မြင်းမူ ဇူလိုင် ၅
စာငှား၊ စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများသည် စာပေဝါသနာရှင်များလက်ဝယ်အရောက် မိုဘိုင်းစာငှား စနစ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။
“ဌာနများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေ၍ စာကြည့်တိုက်ဖွင့်ချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်များလာရောက်မငှားနိုင်သည့် ဝန်ထမ်းများအတွက် လက်ဝယ်အရောက် လိုက်လံငှားပေးခြင်းဖြစ်ပြီးဖတ်ရှုပြီး စာအုပ်၊စာစောင်များကိုလည်း တစ်ပတ်လျှင်တစ်ကြိမ် အသစ်လဲလှယ်ငှားပေးနေကြောင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာပေဝါသနာရှင်များအတွက် မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေးမှုကြောင့် စာဖတ်သူများ အတွက်ပို၍ အဆင်ပြေသလို စာငှား၊ စာဖတ်တိုးပွားရေးအတွက် များစွာအထောက်အကူ ပြုကြောင်း မြို့နယ်ပြန်/ဆက်ရုံးတာဝန်ရှိသူထံမှ သိရရှိရသည်။
မြင်မူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာငှား၊ စာဖတ်တိုးပွားရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မိုဘိုင်းစာငှားခြင်းလုပ်ငန်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)