စစ်ကိုင်း ဇူလိုင် ၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက မိမိတို့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းများ၊ အခမ်းအနားမှူးများ အခါအားလျော်စွာ လုပ်ဆောင်သွားရမည် ဖြစ်သည့်အတွက် ပန်းအလှဆင်သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ နည်းပြဆရာမများက လက်တွေ့ပြသဆောင်ရွက်ပေးတာကို စိတ်ဝင်စားစွာ လေ့လာမှတ်သွားကြဖို့လိုကြောင်း၊ လိုအပ်ပါက လက်တွေ့ဆောင်ရွက်သွားကြပါလို့ အထူးမှာကြားလိုကြောင်း ဆွေးနွေးပြောကြားကာ နည်းပြဆရာမ များက ပန်းအလှဆင်နည်း အမျိုးမျိုးတို့ကို လက်တွေ့ပြသ သင်ကြားပို့ချခဲ့ပြီး သင်တန်းကို(၁)ရက်တာ ပို့ချပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ စာအုပ်များ အခမဲ့ငှားပေးခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျော်စွာ အသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်