သတင်းများ

စဉ့်ကူးမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ
Jul 05,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြော ခြင်းနှင့်သရုပ်ပြခြင်းဆောင်ရွက်
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကိုယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ပန်းတောင်း)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သံတွဲမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 05,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ သံတွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။
မိုင်းခုတ်မြို့၌ အမှတ် (၂ )ရပ်ကွက်တွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jul 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)ရပ်ကွက်အတွင်းကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင်အသက်(၂)လမှ(၁)နှစ်ခွဲ ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Jul 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်အသက် (၂)လမှ (၁)နှစ်ခွဲ ကလေးသူငယ်များနှင့်ကို ယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ပင်လောင်းမြို့၌  အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 05,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင်  မြို့ပေါ်ရပ်ကွက်များနှင့် ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁)နှစ်ခွဲအောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး၊ မိုးစပါး လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jul 05,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ(ရေတပ်)၌ အသက်(၅)နှစ်အထက်၊ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ နေမှုနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ရွှေတောင်မြို့နယ်တွင် မျိုးစေ့ချ ကိရိယာ ( Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုး
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု၊ကွင်းအမှတ် (၄၁၇) ကွင်းရှိ တောင်သူ ဦးစောလွင်၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက မျိုးစေ့ချ ကိရိယာ (Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုးခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။