သတင်းများ

သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယ‌မန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပြည်သူများအတွက် ဥယျာဥ်ခြံထွက် ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိ
Jun 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက် ရောင်းချပေး
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးဝန်ကြီး ဒိုက်ဦးမြို့တွင်ဆောက်လုပ်မည့် ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ကြည့်ရှုစစ်ဆေး
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ မြို့အဝင်ကန်တော်မင်္ဂလာတာဆုံတွင် ဆောက်လုပ်မည့်ကလေးကစားကွင်းနှင့် ပန်းခြံနေရာသို့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Jun 30,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်လူရွယ် များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာ စောင်ကို ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးပြီး အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ် လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက်ကုန်များကို ပြင်ပစျေးနှုန်းများထက် လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့၌လျှပ်စစ်မီးသုံးစွဲသူပြည်သူ (၁၄၉၇၀) ဦး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများခုတ်ထွင်
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ရပ်ကွက် (၃) ရပ်ကွက်နှင့်ကျေးရွာ (၁၈) ရွာမှ လျှပ်စစ်မီးသုံးစွဲသူပြည်သူ (၁၄၉၇၀) ဦး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ယနေ့နံနက် (၉) နာရီက မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပမှုနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရှိဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲဖိုင်နယ်ပွဲစဥ်များနှင့် ပြိုင်ပွဲဆုရရှိသူ‌များဆုပေးပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်အားကစားရုံတွင် ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။