Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နောင်ချိုမြို့ မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန် အလှူတော်ငွေ ကျပ်သိန်း ၃၀ လှူဒါန်း
Jun 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ယမန်နေ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လှူဒါန်းရာတွင် တိပိဋကကောဝိဒ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝိရိယာနန္ဒအရှင်သူမြတ်မှ အလှူတော်ငွေကျပ်သိန်း (၃၀) ကိုပေးပို့၍ လှူဒါန်းခဲ့ရာမြို့နယ် သံဃနာယကဥက္ကဋ္ဌ ခြေမြစ်ပင်ကျောင်းဆရာတော်မှ လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ ”အခမ်းအနားကျင်းပ
Jun 29,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် “တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားရေးရာကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်
Jun 29,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၇ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်
Jun 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု၊ တောင်သူဒေါ်တင်လှိုင်၏ ကွင်းအမှတ် ၁၈၄၂( ခ )၊ ဦးပိုင်အမှတ် (၂၅ /၃) လယ်မြေ (၁၄)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေဆီလွှာအတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းက ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုများရှိ မိုခါမုန်တိုင်းဒဏ် သင့်ပြည်သူများအား ကယ်ဆယ်ရေးရိက္ခာဆန်များ ထောက်ပံ့ပေးအပ်
Jun 29,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုနေ ပြည်သူများအတွက် ကယ်ဆယ်ရေးရိက္ခာ ဆန်များထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်သင်္ဘောဆိပ်၌ ပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာများ တက်ရောက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း အခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jun 29,2023
မွန်ပြည်နယ်အတွင်းအခြေခံစားကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jun 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ (မြန်မာမှုအပါ) ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်မောင်ဝင်း ဟင်္သာတခရိုင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲတက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်
Jun 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSMEs) ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ နတ်မော်လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10505
Page
10506
Page
10507
Page
10508
Current page
10509
Page
10510
Page
10511
Page
10512
Page
10513
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department