ဝန်းသို ဇွန် ၂၇
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲနှင့်ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်ဆန်းဝင်း၊ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်တင်နွယ်ဝင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးသီတာစိုးတို့က ဇွန်လ(၂၆)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် ကုလသမဂ္ဂအထွေထွေညီလာ ခံကသတ်မှတ်ပေးခဲ့သည့်အကြောင်းအရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သောစိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးဆိုသည်မှာနှင့် မူးယစ်ဆေးဝါးအမျိုးအမည်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရှောင်ကျဉ်ရမည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြဏ်ဒဏ်များအကြောင်းတို့ကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဟောပြောခဲ့သည်။
ထို့နောက် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (ထက်၊လယ်၊မူ) ဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း