တောင်ငူ ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “လူငယ်နှင့်အားကစား” အသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်နှင့်အားကစားအသိပညာပေး TALK SHOW တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သူဇာထွေးတို့က လူငယ်များ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဘာကြောင့်လုပ်သင့်သလဲ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း အကျိုးကျေးဇူးများစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး TALK SHOW မှ ဆွေးနွေးမှုများအား တောင်ငူခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်