သတင်းများ

ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် မေထုန်မဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်ပို့ချ
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေတောင်သူများ တစ်ပိုင်တစ်နိုင်မွေးမြူထားသောနွားများ မျိုးကောင်းမျိုးသန့် ပြန့်ပွား ရရှိစေရန် ရည်ရွယ်၍ မေထုန်မဲ့သားစပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမတွင် ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ မိုးရာသီ ဆီထွက်သီးနှံစုံ ၅၂၀၃၀ ဧက လျာထားစိုက်ပျိုးလျက်ရှိ
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်မိုးသီးစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ စုစုပေါင်း ၁၂၂၂၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် ခေနန်ကျေးရွာအုပ်စုရှိ တောင်သူများတွေ့ဆုံ
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ မေလ ၂၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်က ခေနန်ကျေးရွာအုပ်စုသို့ သွားရောက်ကာ တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ဆီသိုလှောင်ထားရှိမှုအခြေအနေနှင့် ရောင်းချမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီသိုလှောင်ရောင်းချမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Jun 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာသင်ကြားနေသော ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းတွင် အခဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် (KG) မှ (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံ
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (KG) မှ (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဇွန်လ(၂၂)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆက်လက်ထိုးနှံပေးခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 27,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချန်က နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်နှင့်အသား၊ ငါးများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါးများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နေ့လည်ပိုင်းက မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။