ငဖဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ငဖဲ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲနှင့်  စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်စည်းကမ်းများကို ပြောကြား၍ ကျင်းပပြုလုပ်ရာ မူးယစ်ဆေးဝါးတို့ရှောင်ရှားခေါင်းစဉ်ဖြင့် စာစီစာကုံးဖြေဆိုသူ အခြေခံပညာအထက်တန်းဆင့်(၈)ဦး၊ အလယ်တန်းဆင့်(၁၂)ဦး စုစုပေါင်းဖြေဆိုသူ(၂၀)ဦးနှင့် အခြေခံပညာအလယ်တန်းဆင့်ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ(၂၂ )ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၄၂)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြကြောင်း သိရသည်။

မယု(ငဖဲ)