နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် ဆောင်ရွက် ထားရှိသည့် လုပ်ငန်းများအား  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘုန်းတော်ပြည့် ကျေးရွာမှ ကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု၊ စာရင်းဇယားထိန်းသိမ်းမှုများနှင့် မတည်ရန်ပုံငွေ (၅၉ ဒဿမ ၁)သန်းဖြင့် ဆောင်ရွက်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၂၄၆)ဦးတို့၏ လုပ်ငန်းလည်ပတ်မှုများကိုလည်းကောင်း ကျေးရွာကော်မတီဝင်များနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

မူမူစန်း