သီပေါ ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိန်းချေ၊ တန်းစံကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းရှိ၊ မရှိတို့ကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လင်းလင်းထွန်းက ကျောင်းမုန့်ဆိုင်များတွင် ရက်လွန်မုန့်များ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်းအမှတ်အသားပါသည့် မုန့်များကိုသာရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သန့်ရှင်းသပ်ရပ်စွာဖုံးအုပ်ထားရန်၊ ရောင်းချသူ ဈေးသည်များမှလည်း ပါးစပ်နှာခေါင်းစည်း(Mask)၊ လက်အိတ်စသည်များဖြင့် သန့်ရှင်းစွာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော အခြေခံပညာကျောင်းများမှ ကျောင်းမုန့်ဈေးဆိုင်များအား ဆက်လက်စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)