ပန်းတနော်မြို့၌ အမျိုးသမီးများ အခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ပန်းတနော် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများ အခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က အဆိုပါ အသိပညာပေး Talk Show ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ယမင်းသူက (GBV) ကျား/မ အခြေပြု အကြမ်းဖက်မှုများဖြစ်သည့်  ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု၊ ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းများဆိုင်ရာ အကြမ်းဖက်မှု၊ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှု စသည့် အကြောင်းအရာနှင့်ပတ်သက်၍ အမျိုးသမီးများ အခွင့်ရေးများအကြောင်း သိကောင်းစရာများအား Online မှတဆင့် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)