လက်ပံတန်းမြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

လက်ပံတန်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲနှင့် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဓမ္မစကူးလ်ကျောင်း ဖွင့်လှစ်သင်ကြားခြင်းကို မြို့နယ်ဓမ္မစကူးလ် နာယကဆရာတော် ဦးသာသန ဦးဆောင်၍ စမ္မစကူးလ် ဆရာဆရာမ (၉) ဦးတို့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ မွန်းတည့် ၁၂နာရီ ထိ သင်ကြားပေးမည်ဖြစ်ပြီး၊ KG တန်းမှ Grade-6 တန်းထိ ကလေးငယ် (၇၂) ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ဘုရားကြီးဓမ္မစကူးလ်ကျောင်းမှ သုတစုံလင်ဗုဒ္ဓဝင်(ဒသမအကြိမ်)၌ ဝင်ရောက် ဖြေဆိုအောင်မြင်သော အလယ်ဆင့် (၅) ဦး၊ အခြေပြုမူလတန်းစာပေဆု (၄) ဦး၊ ရိုးရိုး‌အောင် (၁၄) ဦးနှင့် ကျောင်းတက်ရက်မှန် ကျောင်းသားကျောင်းသူ (၂၅) ဦးတို့အား   နာယကဆရာတော်နှင့် ဓမ္မစကူးလ် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုဆုချီးမြှင့်ပွဲအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်းကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)