နတ်မောက်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နတ်မောက် ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  (၅)ဧက စိုက်ခင်းနှင့် မီးသင်္ဂြိုဟ်စက် အဝန်းဝိုင်းတို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၅)ဧက စိုက်ခင်းတွင်တမာပင် (၁၅၀)ပင်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မီးသင်္ဂြိုဟ်စက်အဝန်းဝိုင်းအတွင်း တမာပင် (၁၀၀)ပင် စုစုပေါင်း(၂၅၀)ပင်တို့အား ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှဝင်း