ညောင်ဦးခရိုင်တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်မှုပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပ

 

ညောင်ဦး ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့တွင် ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကို ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ဇွန် ၂၆ ရက်၊ ယနေ့ နံနက် ၉ နာရီ အချိန်ရွတ်ဆိုပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့နယ်ဝတ်အသင်း၊ ကျောက်ပန်းတောင်းမြို့နယ် ဝတ်အသင်းတို့ ယှဉ်ပြိုင်ရွတ်ဆိုကြပြီး ယှဉ်ပြိုင်ရွတ်ဆိုပူဇော်မှုအား ညောင်ဦးခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်ဇာဇာဝင့်၊ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် တက်ရောက်လာသည့် ဧည်သည်တော်များမှ ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင်မှ အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းမှ ဆက်လက်အမှာစကားပြောကြားရာ ယနေ့ခရိုင်အဆင့်ကျင်းပသည့် ပြိုင်ပွဲမှတဆင့် တိုင်းဒေသကြီး ကိုယ်စားပြုများ ဖြစ်အောင် ကြိုးစားစေလိုကြောင်းနှင့် ဝတ်ရွတ်အသင်းသူများအနေဖြင့် စဉ်ဆက်မပြတ်စေရေး အလေးပေးဆောင်ရွက်စေလိုကြောင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြပြီး အလေ့အကျင့်ကောင်းများရရှိစေခြင်းဖြင့် ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေရရှိစေဖို့ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဝတ်အသင်းများ၏ ယှဉ်ပြိုင်မှုအား အကဲဖြတ်ဒိုင်များဖြစ်သည့် ညောင်ဦးမြို့နယ် သာသနာ့ရောင် ခြည် သီလရှင်စာသင်တိုက်မှ ဆရာကြီး ဒေါ်ပဏ္ဍဝီ၊ ဆရာကြီး မသီတလဉာဏီ၊ ဆရာကြီး မဉာဏေသီတို့က အမှတ်ပေးစည်းမျဉ်း စည်းကမ်းများဖြင့် အကဲဖြတ်အမှတ်ပေးခဲ့ကြောင်း သိရပြီး ဆုရဝတ်အသင်းတို့အားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း