ကာမိုင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ကာမိုင်း ဇွန် ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်း၌ ကျင်းပသည်။

အဆိုပါ မူးယစ်ဆေးဝါတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ခေါင်းစဥ်ဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့ အသီးသီးယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ(၂၈)ရက်တွင် ကာမိုင်းမြို့အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးယုခိုင်က ဆုများအသီးသီးချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)