ဟင်္သာတ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)တွင် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ် ၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရေး အတွက် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံခြင်းများအား ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမြတ်အောင်နှင့် တာဝန် ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့တွင် ပထမနှစ်မှစတုတ္ထနှစ်အထိ တက်ရောက်ပညာသင်ကြားနေကြသော ကွန်ပျူတာသိပ္ပံနှင့်ကွန်ပျူတာနည်းပညာ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း ၂၃၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose များကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်သူနာပြုဆရာမများက စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)