ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပ

ချီဖွေ ဇူလိုင် ၇

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင်  ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲကို  ယနေ့ မွန်းလွဲ (၂) နာရီချိန်တွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမြင့်အေးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ ဗဟုသုတပိုမိုရရှိစေရန်၊ လိမ္မာယဉ်ကျေးပြီး ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်အတွက်  စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ အထက်တန်း ဆရာမ ဒေါ်တိန့်လွမ့်နှင့် အလယ်တန်းပြ ဆရာမ ဒေါ်ခင်အိနေထွန်းတို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်း‌ကြောင်းများကိုလည်းကောင်း အသီးသီးဟောပြော ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည် ကားတွန်းပိုစတာများ၊ လူကုန်ကူးမှုအန္တရာယ်၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ် မှတ်တမ်းဓာတ်ပုံများ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)