မရမ်းကုန်းကြက်​ခြေနီအသင်းခွဲမှ မြေပြင်လှုပ်ရှားကူညီဆောင်ရွက်မှုများအား ရှင်းလင်းပြသခြင်းများ ဆောင်ရွက်

မရမ်းကုန်း ဇွန် ၇

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းကြက်​ခြေနီအသင်းမှ မြေပြင်လှုပ်ရှားကူညီဆောင်ရွက်မှုများအား ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခြင်းကို ယ​မန်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန၌​ဆောင်ရွက်ခဲ့​​ကြောင်းသိရသည်။

အဆိုပါ​ ဆောင်ရွက်မှုသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ ကွင်းဆင်းလေ့လာသည့် FIRST AID FOCAL PERSON TRAINING TEAM မှ မရမ်းကုန်းကြက်ခြေနီအသင်းခွဲသို့ လက်ရှိမြေပြင်လှုပ်ရှား ကူညီဆောင်ရွက်မှုများအား လာရောက်ဆန်းစစ်ခြင်းဖြစ်ရာ  မရမ်းကုန်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးက ရှေးဦးပြုစုခြင်းသင်တန်းများဖွင့်လှစ်ခဲ့ခြင်း မှတ်တမ်းများ ရှင်းလင်းခြင်းနှင့် မြေပြင်လှုပ်ရှားကူညီဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြသခဲ့​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)