မင်းပြား ဇူလိုင် ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၄)ကို ယမန် နေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မီမီစံနှင့် ဒုကျောင်းအုပ်၊ သင်တန်းနည်းပြများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဥ်(၄)မှ သင်တန်းသူ များတက်ရောက်ကြသည်။ ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မျိုးအောင်က ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ သုံးစွဲမှုလျော့ချရေး၊ စနစ်တကျစွန့်ပစ်ရေး၊ ပစ္စည်းသစ်ဖြစ်ပြန်လည်အသုံးပြုရေးတို့ကို ဟောပြောပြီးနောက်စားသုံးရေးရာ ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းက စားသုံးသူအကာအကွယ်ပြုရေးနှင့် စားသုံးသူများ၏ အခွင့်အရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ တားမြစ်ပစ္စည်းများအား အသုံးမပြုရေး တို့ကို အသိပညာပေးဟောပြောသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက အနာဂတ်အမျိုးသမီးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှောင်ရန်၊ဆောင်ရန်အချက်များအား အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မင်းပြားမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာ နေဝင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သတ်ပြီး ကျန်းမာရေးအသိပညာပေးဟော ပြောခဲ့ကြောင်းသိရသည်။
သောင်းရွှေ (ပြန်/ဆက်)