(၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်နှင့် ကဗျာပြိုင်ပွဲကျင်းပ

ဝမ်းတွင်း ဇူလှိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ပုံပြောပြိုင်နှင့် ကဗျာ ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ အခြေခံပညာအထက်တန်း(သဲတော-ဝမ်းတွင်း) ပတ္တမြားခန်းမ ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သီတာက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်နှင့် ကဗျာ ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် တစ်မြို့နယ်အဆင့် အထက်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင် လေးမြတ်ဂုဏ်ရည် အာဇာနည်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့် ပုံပြောပြိုင်ပွဲတွင် ကြိုးစားလျှုင်အောင်မြင်နိုင်မည်၊ အရုပ်လေး(၃)ရုပ်၊ မမေ့စဥ်လာ အာဇာနည်နေ့ အချိန်အခါ၊ အာဇာနည်ခေါင်းဆောင်၊ စွန့်လွတ်အနစ်နာခံခြင်း၊ အမျိုးကိုချစ်ပါ၊ မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် ၁၉ ဇူလှိုင် မျက်ရည်ဝဲ၊ ၁၉ ဇူလှိုင် မမေ့နိုင် စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်နှင့် ကဗျာပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၃၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် တက်ရောက်လာကြသော တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို လေ့လာကြည့်ရှု့ခဲ့ ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)