မန့်ဟီးရိုး ဇူလိုင် ၁၃
နွေရာသီအကုန် မိုးရာသီသို့ ရောက်ရှိပြီဖြစ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုး မြို့တွင် ဒေသထွက်ဟင်းသီးဟင်းရွက်များကို မိသားစုစားသောက်ရန်အပြင် အခြားသော မြို့နယ်များသို့ လက်လီလက်ကားတင်ပို့ရောင်းချရန်အတွက် စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး ပေါ်ဦး ပေါ်ဖျား ခဝဲညွန့်များသည်လည်း ရောင်းအားကောင်းလျက်ရှိပါသည်။
ခဝဲပင်သည် မြေဘောင်တင် စိုက်ပျိုးရသော နွယ်ပင်အမျိုးအစားဖြစ်ပြီး ခဝဲညွန့်ကိုရောင်းချရသကဲ့သို့ ခဝဲသီးကိုလည်း ထပ်မံရောင်းချရသောကြောင့် နှစ်သီးစား ဟင်းသီ းဟင်းရွက်ပင် အမျိုးအစားဖြစ်သည့်အတွက် ဒေသခံတောင်သူများအတွက် ကုန်ကျစရိတ်သက်သာပြီး မိသားစု အပိုဝင်ငွေ များစွာရရှိလျက် ရှိပါသည်။ခဝဲညွှန့်တစ်စည်းလျှင် မြန်မာငွေ(၅၀၀)ကျပ်နှင့် တရုတ်ငွေ (၁၀)ယွမ် ရောင်းချရပြီး ပေါ်ဦးပေါ်ဖျားအချိန်တွင် တခြားသောမြို့နယ်ဈေးများသို့ လက်ကားဈေးဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ထို့အပြင် ခဝဲညွန့် ခူးဆွတ်ရောင်းချပြီး (၂)လအကြာတွင်လည်း ခဝဲသီးကို ထပ်မံခူးဆွတ်ကာ မန့်ဟီးမြို့ငါးရက်တစ်ကြိမ် ဈေးနှင့် မြို့အဝင်မြစ်ဆိပ်ဈေးတွင် ထပ်မံ ရောင်းချရသောကြောင့် ယခုနှစ်တွင် ဒေသခံတောင်သူများသည် ထမ်မံတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုး(ပြန်/ဆက်)