နတ်မောက်မြို့နယ်၌ နွေစပါးများစတင်ရိတ်သိမ်း

နတ်မောက် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နွေစပါးစိုက်ဧက ၃၆၃၁ ဧကစိုက်ပျိုးထားရှိပြီး လက်ရှိတွင် နွေစပါးများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသဝမ်းစာဖူလုံရေးအတွက် စပါးကိုအလေးထားစိုက်ပျိုးလာကြပြီး နွေစပါးစိုက်ပျိုးရာတွင် မနောသုခ၊ ဆင်းသုခနှင့် ရတနာတိုးစပါးမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး တစ်ဧကခန့်မှန်းအထွက်နှုန်းတင်း(၉၅)တင်းခန့်ထွက်ရှိကြောင်း နွေစပါးစိုက်တောင်သူတစ်ဦးထံက သိရသည်။

နွေစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်လျင်အထွက်နှုန်းကောင်းမျိုးများဖြစ်သော ဆာဖိုးတာ၊ ထိုင်းနှံကောက်၊ GW-11 ၊ ရွှေအာဆီယံမျိုးသစ်များကို စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး ဆာဖိုးတာစံကွက်စပါးခင်းအား ရိတ်သိမ်းရာတွင် တစ်ဧကစပါးအစိုတင်း(၁၂၉)တင်းနှင့် အခြောက်တင်း(၁၁၇)တင်းထွက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း