အမ်းမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

အမ်း ဇူလိုင် ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က အခြေခံပညာကျောင်းများတွင် စုရပ်ထား၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အမ်းတောင်ရပ်ကွက်၌ ပျဥ်းတော မူလတန်းလွန်ကျောင်း RACE ကိုယ်ပိုင်အထက်တန်းကျောင်း၊ အမှုထမ်း (၂)အ.ထ.က (ခွဲ) ကျောင်းနှင့် မြောက်ပိုင်းရပ်ကွက် အ.လ.ကကျောင်းရှိ အသက် (၅)နှစ်ပြည့်ပြီးသည့် KG ကျောင်းသား၊ ကျောင်းသူများကို First Dose ကာကွယ်ဆေးအားလည်းကောင်း၊  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စုရပ်ကျောင်းများသို့ ကာကွယ်ဆေးထိုးရန်ရောက်ရှိလာကြသော ကျောင်းသား/သူ များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ အတန်းအလိုက် စနစ်တကျစာရင်း ရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးပြီးနောက် မိနစ် (၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။         

မြို့နယ်ပြန်ဆက်