ညောင်ရွှေ ဇူလိုင် ၁၄
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်စာကြည့်တိုက်များဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်နေ့အကြောင်းသိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် စာဖတ်ချိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဦးညီလေးက ကျောင်းအတွက် အားကစားပစ္စည်များကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူလေးများမှ ခန်းမအပြင်ဘက်၌ ခင်းကျင်းပြသထားသည့် အာဇာနည်ပုဂ္ဂိလ်(၉)ဦးအကြောင်း နံရံကပ်စာစောင်နှင့် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ