ပေါင်းတည်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကဗျာရွတ်နှင့် စာအုပ်စာစောင် ပြပွဲ ကျင်းပ

 

ပေါင်းတည် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်သည်။

ဦးစွာ ဟောပြောပွဲကိုကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်း ဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အမက ရွှေတည်ကျောင်း Grade-4 ကျောင်းသား၊ ကျောင်းသူလေးများက ဗိုလ်ချုပ်အာဇာနည် ကဗျာများဖြင့် ဂုဏ်ပြုရွတ်ဆို ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲကို  ကျောင်းသား/ကျောင်းသူကလေးများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)