ချောင်းဆုံ ဇူလိုင် ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ စားသောက်ကုန် ဘေးဉပါဒ်ကင်းရှင်းစေရန်၊ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် အခွင့်အရေး ရရှိစေရန်အတွက် မော်လမြိုင် ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင်လ ၁၃ ရက်နေ့က ကွမ်သဲ (အ-ထ-က)နှင့် မုရစ် ကလေး(အ-ထ-က) ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးများမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မော်လမြိုင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုများအပေါ် နစ်နာဆုံးရှုံးခဲ့ လျှင် တောင်းဆိုနိုင်သည့် အခွင့်အရေးများစသည့် အကြောင်းအရာများဟောပြောပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)