သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​ ကို​ဇော်​ဌေး(ယဥ်ကျေးမှု) ရေးသားထားသည့် ကျန်းမာချမ်းသာပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်​​​ဝင့်နန္ဒာ​ဌေးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး(Book Club) အဖွဲ့ဝင်​ ဦးရဲ​အောင်မှ ဆည်းပူး​လေ့လာပညာရွာ ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club)အဖွဲ့ဝင် မဖူး​ပြည့်စုံ​ကျော်မှ ​ကြိုးစား​ကြပါ ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club) အဖွဲ့ဝင် ​မောင်ခင်မောင်ထွေး မှ ​ရှောင်​လေ​ဝေး​ဝေး ခေါင်းစဉ်ဖြင့်လည်းကောင်း တက်ရောက်လာသူများက ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကို ရရှိသည့်အပြင် အချင်းချင်း ရင်းနှီးစွာဖြင့် အတွေးအမြင်များ ဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)