မိုင်းငေါ့ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်၂၀၂၃ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က မိမိတို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ရှိန်မြင့်မားပြီး စာဖတ်သူတိုးပွားရေးအတွက် စာအုပ်ပြပွဲများကို ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော အသစ်ရောက်ရှိသည့် သုတ၊ ရသစာအုပ်များ၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် စာအုပ်/စာစောင်များ၊ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်များနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်အား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)